Danu MRPDA Opening Ceremony

“မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း-MRPDA” ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ရွာငံမြို့နယ်ရုံးခွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၁၆.၃.၂၀၁၉) ရက်နေ့ နံနက်(၉)နာရီအချိန်က ရွာငံမြို့နယ်ရုံးခွဲတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ဗဟို) ဒု-ဥက္ကဌ (၂) ဦးနန္ဒကျော်၊ (ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါ်လွင်လွင်မေ(ခ) ဒေါ်ဘုတ်ဘုတ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရုံးခွဲ စည်းရုံးရေးတာဝန်ခံ ဦးနိုင်မင်းစိုး နှင့် ရွာငံမြို့နယ်ရုံးခွဲ ဥက္ကဌ ဦးသက်ဇင်ငြိမ်း(ခ) ဦးပြူးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း အသင်းဝင်များနှင့် အများသိစေရန် တင်ပြအပ်ပါသည်။