
Our Activity
- Discussion on the emergence of real estate services law.

Our Vision
- To unite the real estate world and facilitate business.

Duty of Association
- Implementation of the objectives of the association.
Our Goal
- Achieving unionization of real estate service providers.
- Enact real estate services law and keep abreast with international standards.
- State policies to promote development in the real estate investment sector.
Promise
- The relevant executive and affairs committee members will carry out their duties and responsibilities in accordance with the policies and regulations established by the association, and develop benefits for the members of the association. They will do their best to develop the real estate industry in unity and take responsibilities.
Founding MRPDA
- Myanmar Real Property Development Association (MRPDA) was established on March 20, 2017, in Yangon, Myanmar.
- According to Article 42 of the Company Law of Myanmar, it is an organization with limited liability by guarantee without adding shares. It is an association officially recognized by the Government of the Republic of the Union of Myanmar.
Our News & Events
6,722
MRPDA is the largest real estate association in Myanmar with over twelve thousands members having branches and offices in every state and region within Myanmar.
🚨 အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများ မဖြစ်မနေ တက်ရောက်ထားရမည်ဖြစ်သောသင်တန်း🚨![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) မှ ရန်ကုန်တိုင်းဒေသကြီး၊ သဃ်န်းကျွန်းခရိုင်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များ၊ လုပ်ငန်းရှင်များနှင့် MRPDA အသင်းဝင်များအား ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းအရည်အသွေး မြှင့်တင်ရေးဆိုင်ရာ အသိပညာများ ရရှိစေရန် ရည်ရွယ်၍ (AML/CFT) ဥပဒေ နှင့် အိမ်ခြံမြေ ပညာပေးသင်တန်းဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။![]()
📌 အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင် လျှောက်ထားလိုသူများ![]()
📌 အိမ်ခြံမြေလုပ်ငန်းကို တရားဝင်နှင့် စနစ်တကျ လုပ်ကိုင်လိုသူများ![]()
📌 MRPDA အသင်းဝင်အဖြစ် ပူးပေါင်းဆောင်ရွက်လိုသူများ![]()
📌 မိမိ၏ လုပ်ငန်းအခွင့်အလမ်းများ တိုးချဲ့လိုသူများ![]()
အတွက် အထူးအကျိုးရှိမည့် သင်တန်းဖြစ်ပါသည်။![]()
💥 MRPDA အသင်းကြီးမှ အသင်းဝင်လျှောက်ထားခြင်း၊ သင်တန်းတက်ရောက်ခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။![]()
📍 သင်တန်းအစီအစဉ်![]()
🔺 နေ့ရက် - 14.6.2026 (တနင်္ဂနွေနေ့)![]()
🔺 အချိန် - နံနက် (၉:၀၀) နာရီ မှ ညနေ (၅:၀၀) နာရီ အထိ![]()
🔺 နေရာ - Time City, Office Tower - 2, 23rd Floor, ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး![]()
🔺 Google Map Link
maps.app.goo.gl/pGEN2c6EcdKBrB22A?g_st=iv![]()
📢 ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်ရှိသော ခရိုင်များအလိုက် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး MRPDA Facebook Page မှ အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာသွားမည် ဖြစ်ပါသည်။![]()
အရည်အသွေးမြင့် အိမ်ခြံမြေဝန်ဆောင်မှုများ ပေးနိုင်ရန်၊ ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရန်နှင့် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် MRPDA နှင့်အတူ လက်တွဲပါဝင်ကြပါစို့။![]()
📞 သင်တန်းနှင့် အသင်းဝင်ကိစ္စများ စုံစမ်းရန်![]()
🔹 ဦးဘိုနီဝင်း (ဥက္ကဌ၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 7690 67606![]()
🔹 ဦးကျော်ကျော်လွင် (ဒုဥက္ကဌ၊ ရန်ကုန်တိုင်း MRPDA) ☎️ 09 2541 26636![]()
🔹 ဒေါ်ခင်သီတာထွန်း (အတွင်းရေးမှူး၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 2652 61300![]()
🔹 ဒေါ်အေးနွဲ့ (ခ) ဒေါ်ဥမ္မာ (တွဲဖက်အတွင်းရေးမှူး၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 5080 315![]()
🔹 ဒေါ်မြတ်ကေခိုင်စိုး (ဘဏ္ဍာရေးမှူး၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 8979 35569![]()
#MRPDA
#MyanmarRealEstate
#realestatetraining
#AML_CFT
#FATF
#propertyagentregistration
#YangonRegion
#togetherformyanmarrealestate
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA)
ရန်ကုန်တိုင်းဒေသကြီး၊
သဃ်န်းကျွန်းခရိုင်အတွင်းရှိ
MRPDA အသင်းဝင်များအားလုံး
အောက်ပါအစီအစဉ်အတိုင်း
သင်တန်းတက်ရောက်ကြရန်
ဖိတ်ကြားအပ်ပါသည်။![]()
ရန်ကုန်တိုင်းဒေသကြီးအတွင်း
ကျန်ရှိသော ခရိုင်များအလိုက် သင်တန်းများကို
ဆက်လက်ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပြီး
Facebook Page မှ ကြော်ငြာသွားမည် ဖြစ်ပါသည်။![]()
💥 အသင်းဝင်ခြင်း၊ သင်တန်းတက်ခြင်း၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
အကျိုးဆောင်မှတ်ပုံတင်လျှောက်ထားခြင်းကိစ္စ
ရပ်များကိုလည်း အသင်းကြီးမှ
ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။![]()
📍 သင်တန်းအစီအစဉ်![]()
🔺 နေ့ရက် - (14.6.2026)![]()
🔺 အချိန် - နံနက် (၉) နာရီ မှ ညနေ (၅) နာရီ ထိ![]()
🔺 နေရာ - Time City, Office Tower - 2, 23rd Floor, ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး![]()
🔺 Google Map Link -
maps.app.goo.gl/pGEN2c6EcdKBrB22A?g_st=iv![]()
👉 သင်တန်းကိစ္စစုံစမ်းရန်![]()
🔸 ဦးဘိုနီဝင်း၊
ဥက္ကဌ၊ ရန်ကုန်တိုင်း MRPDA
☎️ 09769067606![]()
🔸 ဦးကျော်ကျော်လွင်၊
ဒု ဥက္ကဌ၊ ရန်ကုန်တိုင်း MRPDA
☎️ 09254126636![]()
🔸 ဒေါ်ခင်သီတာထွန်း၊
အတွင်းရေးမှူး၊ ရန်ကုန်တိုင်း MRPDA
☎️ 09265261300![]()
🔸 ဒေါ်အေးနွဲ့(ခ) ဒေါ်ဥမ္မာ၊
တွဲ/အတွင်းရေးမှူး၊ ရန်ကုန်တိုင်း MRPDA
☎️ 095080315![]()
🔸 ဒေါ်မြတ်ကေခိုင်စိုး
ဘဏ္ဍာရေးမှူး၊ ရန်ကုန်တိုင်း MRPDA
☎️ 09897935569
♦ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ၏ ဗဟိုအလုပ်အမှုဆောင် (CEC) အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆) အောင်မြင်စွာ ကျင်းပ ♦![]()
နေပြည်တော်၊ ဇွန်လ ၆ ရက်![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ၏ ၂၀၂၆ ခုနှစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ (Central Executive Committee CEC) အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆) ကို ၂၀၂၆ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် နေပြည်တော်ရှိ Sky Palace Hotel အစည်းအဝေးခန်းမ၌ နံနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။![]()
အဆိုပါ အစည်းအဝေးသို့ အသင်း၏ ဗဟိုဥက္ကဌ ဦးနန္ဒကျော် ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဥက္ကဌများ၊ အသင်း၏ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော သက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။![]()
အစည်းအဝေးအစတွင် ဗဟိုဥက္ကဌ ဦးနန္ဒကျော်က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ အသင်းဝင်များ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အသင်း၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် အဓိကကျကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပြောင်းလဲလာသည့် စီးပွားရေးအခြေအနေများနှင့်အညီ အိမ်ခြံမြေလုပ်ငန်းများ ပိုမိုစနစ်ကျစွာ ဖွံ့ဖြိုးလာစေရေး၊ ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် အိမ်ခြံမြေဈေးကွက်တစ်ခု ပေါ်ပေါက်လာစေရေးတို့အတွက် အသင်းအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။![]()
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းဒေသကြီး/ပြည်နယ် ဥက္ကဌများက သက်ဆိုင်ရာဒေသအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အသင်း၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အသင်းဝင်တိုးချဲ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ အသင်း၏ စည်းမျဉ်းစည်းကမ်းများ ပိုမိုအားကောင်းလာစေရေး၊ အိမ်ခြံမြေလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ပြည်သူများအကြား ယုံကြည်စိတ်ချရသော အိမ်ခြံမြေဈေးကွက်တစ်ခု တည်ဆောက်နိုင်ရေးနှင့် လက်ရှိအိမ်ခြံမြေဈေးကွက် အခြေအနေများအပေါ် သုံးသပ်တင်ပြ ဆွေးနွေးခဲ့ကြသည်။![]()
ထို့အပြင် အသင်းဝင် အိမ်ခြံမြေအကျိုးဆောင်များအား (AML/CFT) ဆိုင်ရာ ဥပဒေအသိပညာများ ပိုမိုတိုးတက်လာစေရေး၊ အသင်းဝင်များအတွက် ဥပဒေအသိပညာပေး သင်တန်းများ ပုံမှန်ဖွင့်လှစ်ပေးနိုင်ရေး၊Digital Marketing ပညာရပ်များကို သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးတို့အတွက် ဗဟို ဒုဥက္ကဌ-၁ ဦးဝဏ္ဏစိုး မှ အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့ပါသည်။![]()
အစည်းအဝေးအတွင်း အသင်း၏ ဘဏ္ဍာရေးအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ ရှေ့ဆက်အကောင်အထည်ဖော်မည့် စီမံကိန်းများ၊ ဒေသအသီးသီးရှိ ရုံးခွဲများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက တင်ပြခဲ့ကြပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။![]()
ယင်းအပြင် အသင်း၏ ဂုဏ်သိက္ခာမြင့်မားရေး၊ အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန်လာရေး၊ အိမ်ခြံမြေလုပ်ငန်းကဏ္ဍ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုများ ပိုမိုတိုးတက်လာစေရေးအတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်များကိုလည်း အတည်ပြုခဲ့ကြောင်း သိရသည်။![]()
အစည်းအဝေးတက်ရောက်လာသူများက မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ ယုံကြည်အားထားနိုင်သည့် အိမ်ခြံမြေလုပ်ငန်းဝန်းကျင်တစ်ခု ဖန်တီးနိုင်ရေးနှင့် အသင်း၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်သွားကြရန် ဆန္ဒပြုခဲ့ကြသည်။![]()
ထို့နောက် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် အကြောင်းအရာများကို မှတ်တမ်းတင်အတည်ပြုခဲ့ပြီး အနာဂတ်လုပ်ငန်းစဉ်များအတွက် တာဝန်ခွဲဝေသတ်မှတ်မှုများ ဆောင်ရွက်ခဲ့ကြသည်။![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) သည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းဝင်များ၏ အကျိုးစီးပွားမြှင့်တင်ရေး၊ လုပ်ငန်းကျင့်ဝတ်နှင့် စံနှုန်းများ မြှင့်တင်ရေးတို့ကို ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသည်။![]()
အဆိုပါ ဗဟိုအလုပ်အမှုဆောင် (CEC) အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆) ကို ညနေ (၅) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသူများက အသင်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။
===========================![]()
♦ MRPDA Successfully Holds Central Executive Committee (CEC) Meeting No. (2/2026) ♦![]()
Nay Pyi Taw, June 6, 2026![]()
The Central Executive Committee (CEC) Meeting No. (2/2026) of the Myanmar Real Property Development Association (MRPDA) was successfully held on June 6, 2026, at the meeting hall of Sky Palace Hotel in Nay Pyi Taw, from 10:00 a.m. to 5:00 p.m.![]()
The meeting was chaired by MRPDA Central Chairman U Nanda Kyaw and attended by members of the Central Executive Committee (CEC), chairpersons from various states and regions, association officials, and invited representatives.![]()
In his opening remarks, Chairman U Nanda Kyaw emphasized the important role of the Association in promoting the long-term development of Myanmar’s real estate sector. He highlighted that the unity, cooperation, and active participation of members are essential to achieving the Association’s objectives. He further stated that MRPDA will continue its efforts to ensure the systematic development of the real estate industry, promote compliance with existing laws and regulations, and contribute to the emergence of a real estate market that meets international standards in line with evolving economic conditions.![]()
During the meeting, CEC members and state/regional chairpersons presented reports and discussed the current status of activities in their respective areas, future plans of the Association, membership expansion initiatives, strengthening organizational regulations and governance, capacity-building programs for real estate professionals, the establishment of a trustworthy real estate market, and the current situation of the real estate sector.![]()
In addition, Vice Chairman (1) U Wunna Soe delivered a comprehensive presentation on enhancing members’ knowledge of Anti-Money Laundering and Counter Financing of Terrorism (AML/CFT) regulations, organizing regular legal awareness training programs for members, and providing training courses in Digital Marketing to improve professional competencies within the industry.![]()
The meeting also included presentations by responsible officials regarding the Association’s financial status, operational reports, future projects, and the activities of branch offices across different regions. Participants actively engaged in discussions and provided recommendations on various matters.![]()
Furthermore, important resolutions were adopted to strengthen the Association’s reputation, improve organizational management systems, and enhance transparency, accountability, and professionalism within Myanmar’s real estate sector.![]()
Participants reaffirmed their commitment to working together toward the development of Myanmar’s real estate industry, creating a reliable and trustworthy business environment for the public, and successfully implementing the Association’s objectives.![]()
The meeting also reviewed and approved records of the discussions and resolutions, while assigning responsibilities for future activities and implementation plans.![]()
The Myanmar Real Property Development Association (MRPDA) is an organization dedicated to promoting the development of Myanmar’s real estate sector, enhancing the interests of its members, and improving professional ethics and industry standards. The Association continues to collaborate with real estate professionals nationwide in support of sustainable sector development.![]()
The Central Executive Committee (CEC) Meeting No. (2/2026) was successfully concluded at 5:00 p.m. Participants confirmed their continued commitment to supporting and contributing to the future development initiatives of the Association.
💥 MRPDA (ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ) လပတ်အစည်းအဝေး ကျင်းပ။ မြို့နယ်ရုံးခွဲများ တိုးချဲ့ဖွဲ့စည်းရေးနှင့် AML/CFT သင်တန်းများ ဆက်လက်ဖွင့်လှစ်ရေး ဆွေးနွေး 💥![]()
ရန်ကုန်၊ မေ ၃၁![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၏ မြို့နယ်များ လပတ်အစည်းအဝေးကို (31.5.2026) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ အသင်းရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။![]()
အဆိုပါ အစည်းအဝေးသို့ ဗဟို ဒုဥက္ကဌ-၁၊ ဗဟို အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ ဥက္ကဌ နှင့် တိုင်းအမှုဆောင်များ၊ မြို့နယ်ရုံးခွဲများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး အသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။![]()
အစည်းအဝေးတွင် ဗဟိုဥက္ကဌကြီးကိုယ်စား ဗဟို ဒုဥက္ကဌ-၁ ဦးဝဏ္ဏစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဗဟို အထွေထွေအတွင်းရေးမှူး ဒေါ်လွင်လွင်မေ က အသင်းသားရေးရာကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ MRPDA ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ ဥက္ကဌ ဦးဘိုနီဝင်း၊ ဒုဥက္ကဌ-၁ ဦးလှမြင့်၊ အတွင်းရေးမှူး ဒေါ်ခင်သီတာထွန်း၊ တွဲ/အတွင်းရေးမှူး-၁ ဒေါ်အေးနွဲ့၊ တွဲ/အတွင်းရေးမှူး-၂ ဒေါ်ခိုင်သီတာဦး တို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းဖွင့်လှစ်ရန် ကျန်ရှိနေသေးသော မြို့နယ်ရုံးခွဲများအား ဆက်လက်ဖွဲ့စည်းနိုင်ရေးနှင့် မြို့နယ်အဆင့် အဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အသင်း၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို မြို့နယ်အဆင့်အထိ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ အိမ်ခြံမြေရောင်းဝယ်ကြသူ ကာစတာမာများနှင့် အသင်းဝင်အကျိုးဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် လိုအပ်သည့် အစီအမံများကိုလည်း အကြံပြုဆွေးနွေးခဲ့ကြသည်။![]()
ထို့နောက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ သင်တန်းများ၊ ဆင့်ပွါးသင်တန်းများကို ခရိုင်၊ မြိုနယ်များအလိုက် ဆက်လက်ဖွင့်လှစ်သွားနိုင်ရေးနှင့် အသင်းဝင်များ ပိုမိုတက်ရောက်နိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ အိမ်ခြံမြေလုပ်ငန်းကဏ္ဍသည် AML/CFT စည်းမျဉ်းစည်းကမ်းများကို အထူးအလေးထား လိုက်နာဆောင်ရွက်ရသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်သဖြင့် အသင်းဝင်များအနေဖြင့် ဥပဒေဆိုင်ရာ အသိပညာနှင့် လိုက်နာဆောင်ရွက်မှုများ မြင့်မားလာစေရန် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။![]()
ယင်းအပြင် အိမ်ခြံမြေအကျိုးဆောင်များ၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ မြှင့်တင်နိုင်ရန်နှင့် လုပ်ငန်းအရည်အသွေး ပိုမိုတိုးတက်လာစေရန် ဆင့်ပွားသင်တန်းများ၊ အထူးပြုသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။![]()
တက်ရောက်လာသူများက မြို့နယ်ရုံးခွဲများ၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ အသင်းဝင်တိုးချဲ့ရေး၊ အဖွဲ့အစည်းစည်းလုံးညီညွတ်ရေးနှင့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အသင်း၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။![]()
ထိုနောက် ဘန်ကောက်မြို့ 2026 Asia Pacific Real Estate Convention အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော MRPDA အသင်းဝင်များမှလည်း နိုင်ငံတကာ အိမ်ခြံမြေ အတွေ့အကြုံများကို အစည်းအဝေးတက်ရောက်လာသူများအား ပြန်လည်ရှင်းလင်း တင်ပြ မျှဝေခဲ့ကြပါသည်။![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) သည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အိမ်ခြံမြေအကျိုးဆောင်များ၏ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်စံနှုန်းများ မြင့်မားလာစေရေးနှင့် နိုင်ငံတကာအဆင့်မီ အိမ်ခြံမြေလုပ်ငန်းပတ်ဝန်းကျင်တစ်ရပ် ပေါ်ထွန်းလာစေရေး၊ နိုင်ငံတော်အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
♦ MRPDA (ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ) လပတ်အစည်းအဝေး ကျင်းပ။ မြို့နယ်ရုံးခွဲများ တိုးချဲ့ဖွဲ့စည်းရေးနှင့် AML/CFT သင်တန်းများ ဆက်လက်ဖွင့်လှစ်ရေး ဆွေးနွေး ♦![]()
ရန်ကုန်၊ မေ ၃၁![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၏ မြို့နယ်များ လပတ်အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ အသင်းရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။![]()
အဆိုပါ အစည်းအဝေးသို့ ဗဟို ဒုဥက္ကဌ-၁၊ ဗဟို အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ ဥက္ကဌ နှင့် တိုင်းအမှုဆောင်များ၊ မြို့နယ်ရုံးခွဲများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး အသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။![]()
အစည်းအဝေးတွင် ဗဟိုဥက္ကဌကြီးကိုယ်စား ဗဟို ဒုဥက္ကဌ-၁ ဦးဝဏ္ဏစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဗဟို အထွေထွေအတွင်းရေးမှူး ဒေါ်လွင်လွင်မေ က အသင်းသားရေးရာကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ MRPDA ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ ဥက္ကဌ ဦးဘိုနီဝင်း၊ ဒုဥက္ကဌ-၁ ဦးလှမြင့်၊ အတွင်းရေးမှူး ဒေါ်ခင်သီတာထွန်း၊ တွဲ/အတွင်းရေးမှူး-၁ ဒေါ်အေးနွဲ့၊ တွဲ/အတွင်းရေးမှူး-၂ ဒေါ်ခိုင်သီတာဦး တို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းဖွင့်လှစ်ရန် ကျန်ရှိနေသေးသော မြို့နယ်ရုံးခွဲများအား ဆက်လက်ဖွဲ့စည်းနိုင်ရေးနှင့် မြို့နယ်အဆင့် အဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အသင်း၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို မြို့နယ်အဆင့်အထိ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ အိမ်ခြံမြေရောင်းဝယ်ကြသူ ကာစတာမာများနှင့် အသင်းဝင်အကျိုးဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် လိုအပ်သည့် အစီအမံများကိုလည်း အကြံပြုဆွေးနွေးခဲ့ကြသည်။![]()
ထို့နောက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ သင်တန်းများ၊ ဆင့်ပွါးသင်တန်းများကို ခရိုင်၊ မြိုနယ်များအလိုက် ဆက်လက်ဖွင့်လှစ်သွားနိုင်ရေးနှင့် အသင်းဝင်များ ပိုမိုတက်ရောက်နိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ အိမ်ခြံမြေလုပ်ငန်းကဏ္ဍသည် AML/CFT စည်းမျဉ်းစည်းကမ်းများကို အထူးအလေးထား လိုက်နာဆောင်ရွက်ရသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်သဖြင့် အသင်းဝင်များအနေဖြင့် ဥပဒေဆိုင်ရာ အသိပညာနှင့် လိုက်နာဆောင်ရွက်မှုများ မြင့်မားလာစေရန် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။![]()
ယင်းအပြင် အိမ်ခြံမြေအကျိုးဆောင်များ၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ မြှင့်တင်နိုင်ရန်နှင့် လုပ်ငန်းအရည်အသွေး ပိုမိုတိုးတက်လာစေရန် ဆင့်ပွားသင်တန်းများ၊ အထူးပြုသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။![]()
တက်ရောက်လာသူများက မြို့နယ်ရုံးခွဲများ၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ အသင်းဝင်တိုးချဲ့ရေး၊ အဖွဲ့အစည်းစည်းလုံးညီညွတ်ရေးနှင့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အသင်း၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။![]()
ထိုနောက် ဘန်ကောက်မြို့ 2026 Asia Pacific Real Estate Convention အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော MRPDA အသင်းဝင်များမှလည်း နိုင်ငံတကာ အိမ်ခြံမြေ အတွေ့အကြုံများကို အစည်းအဝေးတက်ရောက်လာသူများအား ပြန်လည်ရှင်းလင်း တင်ပြ မျှဝေခဲ့ကြပါသည်။![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) သည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အိမ်ခြံမြေအကျိုးဆောင်များ၏ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်စံနှုန်းများ မြင့်မားလာစေရေးနှင့် နိုင်ငံတကာအဆင့်မီ အိမ်ခြံမြေလုပ်ငန်းပတ်ဝန်းကျင်တစ်ရပ် ပေါ်ထွန်းလာစေရေး၊ နိုင်ငံတော်အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
=================================![]()
♦ MRPDA (Yangon Branch) Holds Monthly Township Meeting; Discusses Branch Expansion and AML/CFT Training Programs
♦![]()
Yangon, May 31![]()
The Myanmar Real Property Development Association (MRPDA), Yangon Branch, held its monthly township-level meeting today at 1:00 PM in the Associations main conference hall in Yangon.![]()
The meeting was attended by Central Vice-Chairman 1, the Central General Secretary, the Chairman and Executive Committee members of the Yangon Branch, as well as chairpersons, secretaries, executive committee members, and other members from township branches. Discussions focused on the Associations upcoming activities and organizational development initiatives.![]()
The meeting commenced with opening remarks from Deputy Central Vice-Chairman 1, U Wunna Soe, representing the Central Chairman. The Central General Secretary, Daw Lwin Lwin May, provided updates on membership matters. Following this, Yangon Branch Chairman U Boni Win, Deputy Chairman 1 U Hla Myint, Secretary Daw Khin Thida Htun, Joint/Secretary 1 Daw Aye Nwet, and Joint/Secretary 2 Daw Khine Thida Oo discussed plans for the continued establishment of township branches across Yangon and strengthening local-level organizational structures. Additionally, discussions included strategies for effectively implementing Association policies and operations at the township level, and enhancing collaboration between property buyers, customers, and members.![]()
The meeting also addressed the planning and implementation of Anti-Money Laundering and Counter Financing of Terrorism (AML/CFT) training programs. These trainings will be conducted at district and township levels to increase participation among members. Given that the real estate sector must strictly adhere to AML/CFT regulations, these programs aim to improve members legal knowledge and compliance practices.![]()
Furthermore, the meeting explored the continuation of professional development, specialized courses, and livelihood-focused training programs to enhance members skills and overall business quality in the real estate sector.
Participants shared insights on current township branch activities, membership expansion, organizational cohesion, and future initiatives. They agreed to work collaboratively to ensure the successful achievement of the Associations objectives.![]()
Additionally, MRPDA members who attended the 2026 Asia Pacific Real Estate Convention in Bangkok shared international real estate experiences with the meeting attendees.![]()
The Myanmar Real Property Development Association (MRPDA) continues to strive for the systematic development of Myanmars real estate sector, the enhancement of members expertise and ethical standards, the creation of a world-class real estate business environment, and the implementation of initiatives that contribute to national interests.
